နှလုံးသွေးဟာ စရိုက် ( ၆ ) ပါး အလိုက် သွေးအရောင် ပြောင်းနေရပုံ
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားဆုံးမထားတော်မူခဲ့သော ...
စိတ် စေတသိက် တို့ ရဲ့အစွမ်းအာနုဘော်ကြောင့်နှလုံးဗူးအတွင်းရှိ တစ်ဆုပ်စာမျှအသစ် အသစ် ဖြစ်နေသော နှလုံးသွေးဟာစရိုက် ( ၆ ) ပါး အလိုက်သွေးအရောင် ပြောင်းနေရပုံ ...
( ၁ ) ကာမရာဂစိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါသွေးရောင်က ဟင်းသပြဒါးရေလို နီနီ ရဲရဲ ဖြစ်ပေါ်လာတယ် ...
အရပ်ထဲမှာ ပြောကြတာကတော့နာရွက်ဖျား နှာခေါင်းဖျားမီးတောက်နေတယ်ဆိုတာမျိုးပေါ့ ...
( ၂ ) ဒေါသစိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါသွေးရောင်က မဲပုပ်ပုပ် ဖြစ်လာတယ် ...
( ၃ ) မောဟစိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါသွေးရောင်က အမဲသားဆေးရေလိုနီကျဲကျဲ ဖြစ်လာတယ် ...
ပတ်ဝန်းကျင်မှာ မြင်ဘူးမှာပေါ့သူများတွေက ဘဝအကျိုးပေးကောင်းလို့ အဆင်ပြေနေတာတွေကို ကြည့်ကာ
အဆင်မပြေတဲ့ ကိုယ့်ဘဝကို အလိုမကျပြီးဝိစိကိစ္ဆာ ဆိုတဲ့ အကြောင်းအကျိုးအပေါ်ကို ဥာဏ်မရှင်းပဲ
ဋ္ဌင်းဒဌက်လို ငေးမောနေတာတွေ ...
( ၄ ) ဝိတက်စိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါသွေးရောင်က ပဲပိဇာတ်ပြုတ်ရေလိုနီနောက်နောက် ဖြစ်လာတယ် ...
သူများတွေက အနာကင်းအဆင်းလှ ဥစ္စာပေါ ရုပ်ချောပညာတတ်ကြီးတွေကိုမနာလိုဝန်တိုတဲ့ ဣဿာ
မစ္ဆရိယစိတ် အားကြီးလာတဲ့အခါသူများ စည်းစိမ် ဥစ္စာ တွေကိုမတရားလိုချင်တဲ့ အဘိဇ္ဈာစိတ်
အားကြီးစွာဖြစ်လာတဲ့အခါသူတစ်ပါးကို ပျက်ဆီး စေချင်တဲ့ဗျာပါဒစိတ် အားကြီးလာတဲ့အခါသွေးရောင်ဟာ ညစ်နွမ်းလာပြီး ...သံလိုက်ဓါတ်နဲ့ တူတဲ့အဘိဇ္ဈာ ဗျာပါဒ ဣဿာ မစ္ဆရိယတွေက ရောဂါ အမျိုးမျိုးတွေကို
ဆွဲယူတော့တာပဲဆိုတာတော့အားလုံးကို သတိပေးချင်ပါတယ် ...
( ၅ ) သဒ္ဓါစိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါသွေးရောင်က ဝါဖျော့ဖျော့ နေရာကအဝါရင့်ရောင်ဖြစ်လာတယ် ...
( ၆ ) ပညာစိတ် ...
အားကြီးစွာဖြစ်လာတဲ့အခါသွေးရောင်က ဆွတ်ဆွတ်ဖြူရာမှမှန်ကဲ့သို့ကြည်လင်လာပြီးပတ္တမြားလုံးတွေလိုအလင်းရောင်တွေ တောက်ပလာတယ် ...
စိတ် စိတ္တဇ ဥတုဇလေကြောင့်နှလုံး သွေး ထွက်ရာဝင်ရာ အဝမှာအဆို့ ရှင်လိပ်ပြာတောင်ကလေး ၂ ခုဟာ
အချက်ကျကျ ခတ်ပေးလိုက်လို့ ဒီသွေးတွေဟာ ဒိတ်ဒိတ် ဒိတ်ဒိတ် နဲ့ အချက်ကျကျ တစ်ကိုယ်လုံးကို
ပျံ့ နှံ့ နေတယ် ...
ဒီစိတ်ဟာ နှလုံးသွေးကို မှီနေသောကြောင့်ဒီနှလုံးသွေးဖောက်ရင် စိတ်လည်းဖောက်ပြန်လာတယ် ...
ဒီနှလုံးကညှစ်လွတ် လိုက်တော့ဗဟိုသွေးကြောကနေတစ်ကိုယ်လုံး ပျံ့ နှံ့ သွားတာပေါ့
အဲ့ဒါကြောင့် ... ဒေါသစိတ် ဖြစ်နေတဲ့သူဟာ ဒေါသသွေးများတစ်ကိုယ်လုံး ပျံ့ နှံ့ သွားပြီး
အသားတွေလဲ ဒေါသစိတ်ဖြစ်လွန်းတော့ နီပြီးတုန်လာတာတွေ့ ရတယ်
နောက်တော့ ညိုပုပ်လာပြီးမကောင်းတဲ့ အမှုမျိုးစုံကျူးလွန်တဲ့အထိဖြစ်လာတော့တာပေါ့ ...
ဘုရား ရဟန္တာ များကြတော့ပညာစိတ်ကြောင့် နှလုံးသွေးဟာအထူးကြည်လင်လို့ 
ကိုယ်ရောင် ကိုယ်ဝါ တွေဟာတစ်ကိုယ်လုံး တောက်ပလာပြီးရောင်ခြည်တော်လွတ်တဲ့အထိဖြစ်ပေါ်လာရတယ် ...
ရူးသွားတာလဲ ဒီနှလုံးသွေးကြောင့်ပဲကြောက်အားကြီးလာရင်
နှလုံးသွေးက အေးပြီး ပြစ်ချွဲသွားတော့တစ်ကိုယ်လုံး အေးစက်လာတယ်
နောက်တော့ အအေးလွန် ပြစ်ချွဲလွန်ကာနှလုံးသွေးရပ် သေရတာပေါ့ ...
ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောပြပါ့မယ်ဒေါသထွက်နေတဲ့ လူတစ်ယောက်ရဲ့မျက်နာဟာ အေးချမ်း တည်ငြိမ် ကြည်လင်နေတဲ့ ပုံစံအနေအထားမျိုး မဖြစ်နိုင်ပါဘူးဒေါသစိတ်ကြောင့် ဒေါသရုပ်ပဲထွက်မယ် ..
credit: https://www.facebook.com/1368768256485955/photos/a.1368771119819002.1073741828.1368768256485955/1725762617453182/?type=3&theater

The Tithuan Hottest Titanium Keychain | Tithuan-HOT
ReplyDeleteTithuan-HOT · Titanium citizen titanium dive watch Keychain. The titanium wedding bands for men Tithuan-HOT is the titanium chainmail most popular chain titanium exhaust wrap in titanium knife Southeast Asia.