Posts

အဘိဓမ္မာ နှင့် ၀ိပဿနာ

Image
အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့နူးညံ့သောဓမ္မ၊ အလွန်နက်နဲခက်ခဲသောဓမ္မ၊ အလွန်ကျယ်ပြန့်သောဓမ္မ၊ အလွန် ထူးကဲသောဓမ္မဖြစ်သည်။ ဓမ္မဟူသည် အရှိတရား၊ အမှန်တရား လူတို့ဌာနမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက်ဟန့်တားလေ့ရှိသည်။ အလုပ်တစ်ခု၌ စိတ်ကူးစူးစိုက်နေခိုက် ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အလေး အပေါ့ သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက်နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်းပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှ နက်နဲသည့် အဘိဓမ္မာသည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။ နတ်တို့ဌာနေမှာကား အချိန်ကွာခြားချက်ကလည်း ဝေးလွန်းလှသည်။ လူ့ပြည်မှာ နှစ်တစ်ရာ တာဝတိံသာ နတ်ပြည်မှာ တစ်ရက်ဖြစ်သည်။ ထို့ကြောင့် စားချိန်အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ (၁၅)မိနစ်မှာ(သူတို့အချိန်ဖြင့်)ခန့်မျှသာရှိမည့် ထို အဘိဓမ္မာတရားပွဲကို တစ်ဆက်တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နားကြားခဲ့ကြလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝ...

ငွေကို မလို... ဆွမ်းကို လို၏

Image
ထီးရောင်စုံ..ကာလာဖြန့်နေချိန် အရှင်တို့. နှစ်ပါးသားကတော့ မိုးရေစက်တွေကို ထီးဗလာဖြင့် အန်တုရင်း စာသင်သားတို့ရဲ့ ရာသီအစ ကန့်လန့်ကာဖွင့်ကြရပြီပေါ့.....။ တစ်ခုသော..ညနေခင်း..မိုးရေစက်တို့က..မဖွဲတဖွဲ....လမ်းပေါ်မှာ မနှစ်က စာသင်ရာသီ တစ်ခုလုံးနီးပါးမှာ ဆွမ်းကိစ္စအတွက် ထမင်းဆိုင်ကို လခပေးပြီး ဖြေရှင်းခဲ့တယ်။ ဒီနှစ်တော့ တောရွာက အညာသား ကားလမ်းလည်း ကူးတတ်ပြီ။ မီးပွိုင့်လည်း ကြည့်တတ်ပြီကတစ်ကြောင်း စာသင်သားဆိုတာလေ ဆွမ်းခံစားရမယ်ဆိုတဲ့ **မဟာအသိကြီးက.**. ဇွတ်တိုးဝင်လာတာတာက တစ်ကြောင်း၊ ရာသီဥတုရဲ့ မညီမျှတဲ့ ဖြေရှင်းချက်တွေကို အလူးအလဲ ခံနေရရှာတဲ့ ဆွေးမျိုးရင်းချာတွေရဲ့ ဘဝကို စာနာနားလည် တတ်တာကလည်း တစ်ကြောင်း၊ အခြားသောအရှင်မြတ်များက သင်္ကန်းကို သပ္ပါယ်စွာရုံပြီး ကိုယ်စီ ကိုယ်စီ သပိတ်ပိုက် ဆွမ်းခံကြွနေချိန်မှာ ကိုယ်က ချိုင့်ဆွဲပြီး ထမင်းဆိုင် ပြေးရတဲ့ဘဝကို ရှက်လာတာကလည်း တစ်ကြောင်း၊ ဗလောင်းဗလဲ ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းကလည်းတစ်ကြောင်း အစရှိပါလေသော ထိုထိုအကြောင်းများကြောင့် အရှင်တို့နှစ်ပါး ဆွမ်းခံအိမ် အဖိတ်သွားကြလေတော့၏။ ပထမဦးဆုံး အိမ်ခန်းတံခါးကို ခေါက်လိုက်၏။ မကြာခင် ဒကာမကြီး ထွက်လ...

အပါယ်တံခါး ပိတ်ချင်ရင်

Image
အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။ အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ။ ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ။ ဒီနေရာမှာ စဉ်းစာရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီး အပါယ်က လွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။ ဆိုပါစို့ ဒါနကောင်းမှုလုပ်တယ်၊ သီလစောင့်တည်တယ်၊ ကမဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ် သို့သော် သောတပန်ဆိုတဲ့ အဆင့်မရောက်ဘူး။ အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလား လို့ပြောရင် လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။ သို့သော် guarantee တော့မရှိဘူး။ `အပဋ္ဌာန်ပါဋ္ဌိတော်´ မှာဆိုရင် အမျိုးကောင်းသား တစ်ယောက်ဟာ ဘုရားတစ်ဆူကို ပန်းပွင့်လေး တစ်ပွင့် လှူလိုက်တာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘဲနဲ့ နောက်ဆုံးကျတော့ အဲဒီပန်းလှူတဲ့ ကုသိုလ်ကို အကြောင်းပြုပြီး ရဟန္တာ ဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံသွားတယ်။ ဒါက guarantee ရှိလားဆိုတော့ guarantee ရှိလို့ပြောတာ မဟုတ်ဘူး။ အပါယ်တံခါးတော့ ပွင့်နေတယ်။ ပွင့်တိုင်းကျတာမှ မဟုတ်ဘဲကိုး။ တံခါးပွင့်နေတိုင်း ဒီတံခါးပေါက်ကထွက်တာ ဟုတ်ရဲ့လား။ အေး တံခါးကတော့ ပွင့်ချင်ပွင့်နေမှာပဲ။ သို့သော် တံခါးထဲ မဝင်လို့ရှိရင်တော့ မရောက်ဘူးပေါ့။ ကုသိုလ်ကောင်းမှုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သာမာန်ကုသိုလ်တွေနဲ့ အပ...

အဘိဓမ္မာပညာ သင်ယူခြင်း ဘ၀မှာ အရေးကြီးပုံ

Image
မေး။………..။ ဆရာတော်ဘုရား အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှ အရေးပါကြောင်း တပည့် တော်အား ဖြေကြားပေးတော်မူပါ။ (ဇေယျာနောင်(စင်္ကာပူ) ) ဖြေ။…………..။ ထမင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိတယ်မဟုတ်လား၊ (သိပါတယ်ဘုရား) ထမင်းမစားရရင် ဘယ်လိုနေမလဲ၊ ဗိုက်ဆာမှာပေါ့။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ့်ကိုကိုယ် နားလည်ဖို့ ပတ်ဝန်းကျင် နားလည်ဖို့ဆိုတာ အဘိဓမ္မာဘာသာရပ်ဟာ အလွန်တစ်ရာမှ အရေးကြီး တယ်၊ ဘဝခရီးကိုရှင်းရှင်းလင်းလင်းသိဖို့ဆိုပါစို့ ကိုယ့်စိတ်အကြောင်း ကိုယ့်လေ့လာချင်တယ် ဆိုလိုရှိရင် ကောင်းတဲ့စိတ်လား မကောင်းတဲ့စိတ်လား သိဖို့ရာ အဘိဓမ္မာကို လေ့လာမှ ပိုပြီးသိတယ်။ အဘိဓမ္မာဟာ Analyst လုပ်တဲ့ပညာရပ်တစ်ခုပဲ Analyst လုပ်တတ်မှ ခွဲခြားစိတ်ဖြာ ပြီးတော့ သိတာ၊ အနတ္တသဘောတရားကိုလည်း အဘိဓမ္မာ လေ့လာခြင်းဖြင့် ပိုပြီး ထင်ရှားစေတယ်ပေါ့၊ ဗုဒ္ဓဘာသာဝင်ဖြစ်လာလို့ရှိရင် ဝိပဿနာကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အဘိဓမ္မာ ဘာ သာရပ်ကို လေ့လာထား ရမယ်။ ဒါဟာအရေးကြီးတယ်ပေါ့၊ အထူးသဖြင့် ဘဝမှာအဘိဓမ္မာ သင်ထားတဲ့ အတွက်ကြောင့် ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ကို ကိုယ်နားလည်လာတယ်။ ကိုယ့်အကြောင်းကိုယ်နားလည်တယ်၊ လောကမှာ မေးလာရင် မင်းအကြောင်း မင်းသိလားဆို အော်-သိတာ...

“ငါ” ဆိုတဲ့ လက်မှတ်

Image
တစ်ခါက ရာဇ၀တ်သားတွေကို သတ်ပေးရတဲ့ လူဆိုးကြီးတစ်ယောက်ရှိတယ်။ သူက သေဒဏ်ကျတဲ့သူတွေရဲ့ ခေါင်းကိုဖြတ်ရတဲ့အလုပ် လုပ်ပေးရတယ်။ ဒီအလုပ်ကို သူ လုပ်လာတာ နှစ်ပေါင်းများစွာ ကြာလာခဲ့တယ်။ သူလည်း အိုမင်းလာတဲ့အခါကျတော့ အရင်ကလို အားအင်တွေ မရှိတော့ဘူး။ ထိုအခါ ခေါင်းဖြတ်ခံရတဲ့ ရာဇ၀တ်သားတွေမှာ မချိမဆန့် ခံစားကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အရင်ကလို မသန်မာတော့ လူတွေရဲ့ခေါင်းကို ဖြတ်တဲ့အခါ တစ်ချက်တည်းနဲ့ မပြတ်တော့လို့ပါပဲ။ အဲဒီအကြောင်းကြောင့်ပဲ သူ့ကို အလုပ်ကရပ်နားခိုင်းလိုက်ကြတယ်။ သူလည်း နောက်ဆုံးရက် အလုပ်လုပ်ပြီးတော့ ရလာတဲ့သူ့ရဲ့ နောက်ဆုံးလခနဲ့ ဒီည ညစာတော့ ကောင်းကောင်းစားပစ်မယ်ဆိုပြီး ပြန်လာခဲ့တယ်။ အဲဒီအပြန်လမ်းမှာ ရှင်သာရိပုတရာနဲ့တွေ့ပြီး တရားတွေ လေးလေးနက်နက် နာဖြစ်တယ်ဆိုရင်ပဲ ဒီလူသတ်သမားကြီးဟာ ဒိဌိပြုတ်လို့ သောတာပန်တည်သွားခဲ့တယ်။ ဒါကတော့ ဒီဇာတ်လမ်းရဲ့ အတိုချုပ်ပါပဲ။ သိရမဲ့အချက်က လူတစ်ယောက်ကိုသတ်ဖို့အတွက် စိုက်ထုတ်ရတဲ့အားဟာ ငရဲမှာဘ၀ပေါင်းများစွာ ရှည်ကြာစေနိုင်ပါတယ်။ အခု ဒီလူသတ်သမားကြီးကတော့ လူတစ်ယောက်မပြောနဲ့၊ လူပေါင်းမရေမတွက်နိုင်လောက်အောင် သူ့ဘ၀တစ်လျှောက်လုံး လူတွေရဲ့ခေါင်းကိ...

အသဲကွဲ ရဟန်း

Image
(၁) “ ဦးတိဿ.. ဘာတွေတွေးနေတာလဲ” ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကြောင့် သူ ပတ်ဝန်းကျင်ကို ဂရုစိုက်မိသွားတယ်။ “ ဦးကုသလ ပါလား၊ ဘာပြောစရာများရှိလို့လည်းဘုရား ’’ “ ဘာမှပြောစရာမရှိပါဘူး၊ အရှင်ဘုရားအနားကို ရောက်နေတာကြာပြီ၊ တပည့်တော်လာတာတောင် မသိနိုင်လောက်အောင် ဘာတွေများတွေးနေတာလဲလို့ မေးတာပါ ” “ ဘာမှမတွေးပါဘုရား ” ဒီအဖြေစကားဟာ သူ့နှုတ်က ထွက်ကျလာတဲ့ အဖြူရောင်မုသား တစ်စလည်းဖြစ်တယ်။ တကယ်ဆိုရင် သူတွေးလက်စ အတွေးကို မပြောမိရင်တောင်မှ ဘာရယ်မဟုတ်ပါဘူး ဆိုတဲ့ တခြားအပြစ်မသင့်တဲ့ ၀ါကျတစ်ခုကို ပြောင်းသုံးသင့်တယ် လို့လည်း ဦဏှောက်က အချက်ပေးလိုက်တယ်။ “ ညနေ ဘုရားဝတ်တက်ပြီးရင် ဆွေးနွေးပွဲရှိတယ်နော် ဘုရား ” “ မှန်ပါဘုရား ” “ညနေကျရင် ဒကာမလေး မြ၀တ်ရည်တို့ သားအမိ ဘုရားပန်းလာလှူရင်း အဖျော်ရည်လာကပ်မယ် လို့ မနက်က လျှောက်သွားတယ် ကိုယ်တော်” “ … " ‘တင်ပါ့ဘုရား’ ဆိုတဲ့ စကားလုံးကို မဖြစ်မနေ သုံးသင့်ပေမယ့်‘ မြ၀တ်ရည်’ဆိုတဲ့ အသံကြားတာနဲ့ နှုတ်က ဆွံ့အ သွားတယ်။ သူ့ဘယ်ဘက် ရင်ခုန်သံကလည်း ပိုမြန်လာသလို ထင်လိုက်မိတယ်။ “ ငါဘာတွေဖြစ်နေတာလဲ” ဆိုတဲ့ အတွေးနဲ့ ထိုင်ရာကထပြီ… “ ကျောင်းဝန်းထဲ တံမျက်...

နှလုံးသွေးဟာ စရိုက် ( ၆ ) ပါး အလိုက် သွေးအရောင် ပြောင်းနေရပုံ

Image
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားဆုံးမထားတော်မူခဲ့သော ... စိတ် စေတသိက် တို့ ရဲ့အစွမ်းအာနုဘော်ကြောင့်နှလုံးဗူးအတွင်းရှိ တစ်ဆုပ်စာမျှအသစ် အသစ် ဖြစ်နေသော နှလုံးသွေးဟာစရိုက် ( ၆ ) ပါး အလိုက်သွေးအရောင် ပြောင်းနေရပုံ ... ( ၁ ) ကာမရာဂစိတ် ... အားကြီးစွာဖြစ်လာတဲ့အခါသွေးရောင်က ဟင်းသပြဒါးရေလို နီနီ ရဲရဲ ဖြစ်ပေါ်လာတယ် ... အရပ်ထဲမှာ ပြောကြတာကတော့နာရွက်ဖျား နှာခေါင်းဖျားမီးတောက်နေတယ်ဆိုတာမျိုးပေါ့ ... ( ၂ ) ဒေါသစိတ် ... အားကြီးစွာဖြစ်လာတဲ့အခါသွေးရောင်က မဲပုပ်ပုပ် ဖြစ်လာတယ် ... ( ၃ ) မောဟစိတ် ... အားကြီးစွာဖြစ်လာတဲ့အခါသွေးရောင်က အမဲသားဆေးရေလိုနီကျဲကျဲ ဖြစ်လာတယ် ... ပတ်ဝန်းကျင်မှာ မြင်ဘူးမှာပေါ့သူများတွေက ဘဝအကျိုးပေးကောင်းလို့ အဆင်ပြေနေတာတွေကို ကြည့်ကာ အဆင်မပြေတဲ့ ကိုယ့်ဘဝကို အလိုမကျပြီးဝိစိကိစ္ဆာ ဆိုတဲ့ အကြောင်းအကျိုးအပေါ်ကို ဥာဏ်မရှင်းပဲ ဋ္ဌင်းဒဌက်လို ငေးမောနေတာတွေ ... ( ၄ ) ဝိတက်စိတ် ... အားကြီးစွာဖြစ်လာတဲ့အခါသွေးရောင်က ပဲပိဇာတ်ပြုတ်ရေလိုနီနောက်နောက် ဖြစ်လာတယ် ... သူများတွေက အနာကင်းအဆင်းလှ ဥစ္စာပေါ ရုပ်ချောပညာတတ်ကြီးတွေကိုမနာလိုဝန်တိုတဲ့ ဣဿာ မစ္ဆရိယစိတ် အားကြီးလာတဲ့အခါသူ...